Local News

အောင်လံကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း ပဲစဉ်းငုံနီနှင့်ကုလားပဲစျေးမြင့်တက်ကာ မတ်ပဲစျေးကျ

Last Updated:

အောင်လံကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း ပဲစဉ်းငုံနီနှင့် ကုလားပဲစျေးမြင့်တက်ကာ မတ်ပဲစျေးကျ

မကွေးတိုင်း‌ဒေသးကြီး၊အောင်လံကုန်စည်ဒိုင်တွင်တစ်ပတ်အတွင်းကာလတူ( ၆.၇.၂၀၂၂ ) ရက်နေ့စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက အရည်အသွေးနှင့်ဝယ်လိုအားကြောင့်ပဲစဉ်းငုံနှင့်ကုလားပဲစျေးမြင့်တက်ကာမတ်ပဲစျေးများစျေးကျလျှက်ရှိကြောင်းသိရှိရပါသည်။ပဲစဉ်းငုံနီ(၂၀)ပိဿာ(၁)တင်းလျှင်ယခင်နေ့တွင်(၄၅၇ဝဝ)ကျပ်၊ယနေ့(၄၆၀ဝဝ)ကျပ်စျေးဖြစ်သည့်အတွက်(၃ဝဝ)ကျပ်၊ကုလားပဲ (Hl)(၂၀)ပိဿာ(၁)တင်းလျှင်ယခင်နေ့တွင်(၅၀၀ဝဝ)ကျပ်ယနေ့(၅၀၅ဝဝ)ကျပ်စျေးဖြစ်သည့် အတွက်(၅ဝဝ)ကျပ်၊ကုလားပဲ(မြကြေး)(၂၀)ပိဿာ(၁)တင်းလျှင် ယခင်နေ့တွင်(၅၀၅ဝဝ)ကျပ်ယနေ့(၅၁၀ဝဝ)ကျပ်စျေးဖြစ်သည့်အတွက်(၅ဝဝ) ကျပ်စျေးတက်ကာမတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင်ယခင်နေ့တွင်(၅၃၅ဝဝ)ကျပ်ယနေ့(၅၀၀ဝဝ)ကျပ်စျေးဖြစ်သည့်အတွက်(၃၅ဝဝ) ကျပ်၊အသီးသီးစျေးကျကာကျန်ပဲမျိုးစုံစျေးနှုန်းများအပြောင်းအလဲမရှိဘဲအရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

Category: Local News